COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိသော တပ်မတော်
ကမ္ဘာတစ်ဝန်း ဖြစ်ပွားလျက်ရှိသော ကပ်ရောဂါ COVID-19 သည် ကူးစက်မှု လျင်မြန်လာပြီး ယခုလပိုင်းအတွင်း တစ်ကျော့ပြန် ဖြစ်ပွားလျက်ရှိသည်။ ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်း မပေါ်ပေါက်စေရေး ပြည်သူသို့ ပန်ကြားချက် ထွက်ပေါ်လာပြီး မရှေးမနှောင်းတွင် မြန်မာနိုင်ငံတွင်လည်း ရောဂါပိုးတွေ့ရှိမှု ပိုမိုများပြားလာခဲ့သည်။
သြဂုတ် ၂၉ ရက် တစ်ရက်တည်းတွင် ရောဂါပိုးတွေ့လူနာ ၉ဝ ဦး ထပ်တိုးတွေ့ရှိခဲ့သဖြင့် စံချိန်ထပ်ချိုးလိုက်ပြန်သည့် COVID-19 ပိုးတွေ့လူနာဦးရေ ဟူ၍ပင် မြဝတီသတင်းစာ ရှေ့ဆုံးစာမျက်နှာ၌ သတိပေး ဖော်ပြထားရှိပေသည်။