ပြည်သူများအထူးသတိပြုနေထိုင်သွားစေလို
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါအတွက် ဓာတ်ခွဲစစ်ဆေးမှု အခြေအနေထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၇ ရက် ည ၈ နာရီအထိ အတည်ပြုလူနာ ၄၀၄၃ ဦး၊ ဆေးရုံဆင်း ၉၄၄ ဦးနှင့် သေဆုံး ၆၀ ဦးရှိပြီဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အတည်ပြုလူနာအများဆုံးဖြစ်ပွားလျက်ရှိပြီး ရခိုင်ပြည်နယ်တွင် အတည်ပြုလူနာ ဒုတိယ အများဆုံးဖြစ်ပွားလျက်ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တာဝန်ရှိသူများအနေဖြင့် ဝင်၊ ထွက်ဂိတ်များကို ကျန်းမာရေးစံနှုန်းများနှင့်အညီ စနစ်တကျစစ်ဆေးသွားမည်ဆိုလျှင် ရောဂါကူးစက်မှုအန္တရာယ်မှဆက်လက်ကာကွယ်သွားနိုင်မည်ဖြစ်သည်။