COVID - 19 ကာလတွင် ရေဘေးအန္တရာယ်ကိုလည်း သတိပြုစေလို
၂ဝ၂ဝ ပြည့်နှစ်သည် ဝါထပ်သော နှစ်ပင်ဖြစ်သည်။ ဝါထပ်သောနှစ်များတွင် မုတ်သုံလေ အားကောင်းသောကြောင့် မိုးကြီးခြင်း၊ ရေကြီးရေလျှံဖြစ်ပွားခြင်းနှင့် အအေးပိုခြင်းတ ို့ဖြစ်လေ့ရှိသည်။ နှစ်စဉ်မိုးတွင်း ကာလတွင် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများ၌ ရေကြီးရေလျှံမှုများ ဖြစ်တတ်သည်။ နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် ကောက်ပဲသီးနှံစိုက်ခင်းများ ရေနစ်မြုပ်ရခြင်း၊ လူနှင့်အိမ်မွေး တိရစ္ဆာန်များ သေကျေ ထိခိုက်ဒဏ်ရာ ရရှိခြင်းတို့အပြင် ဝမ်းပျက်ဝမ်းလျှောခြင်း၊ စိတ်ဒဏ်ရာရရှိခြင်းများ ကြုံတွေ့ ခံစားရပါသည်။