ကရုဏာကမ္ဘာ ထာဝရအဓွန့်ရှည် တည်တံ့ပါစေ
ကရုဏာကမ္ဘာအတွင်းက သံသရာငြိမ်းအေး စေတီတော် နေပြည်တော်မှ ရန်ကုန်သို့ ပြန်သည့်အခါပဲဖြစ်ဖြစ်၊ ရန်ကုန်မှနေပြည်တော်သို့ လာသည့်အခါပဲဖြစ်ဖြစ် ကျွန်တော်မမေ့မလျော့ လုပ်ဆောင်တတ်သော၊ တစ်နည်းပြောရလျှင် မပျက်မကွက် လုပ်သောအလေ့တစ်ခုရှိသည်။ ဤသည်မှာ လမ်းတစ်လျှောက် တည်ရှိနေသော စေတီအဆူဆူ၊ ရုပ်ပွားတော်အဆူဆူ တို့ကို ကားပေါ်မှလှမ်းမျှော်၍ ရှိခိုးဦးတင်ကန်တော့ခြင်းပင်ဖြစ်၏။ ထိုသောအခါ နေပြည်တော်မှ ထွက်လျှင်ထွက်ချင်း ပထမဆုံး လက်အုပ်ချီမိုးရှိခိုးခဲ့ရသော စေတီတော်မှာ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာအတွင်းတွင် တင့်တယ်သပ္ပာယ်စွာ စံနေတော်မူသော သံသရာ ငြိမ်းအေးစေတီတော် ပါပေတည်း။ ထိုမှဆက်လက်၍ ၁၉၆/၇ မိုင်တွင် စေတီနှစ်ဆူ၊ ၁၉၅/၅ မိ