မှူခင်းသတင်း

ကျွန်းစုမြို့နယ်အနီး မြန်မာ့ပင်လယ်ပြင်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော်  သြဂုတ်  ၄

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အနီး မြန်မာ့ပင်လယ်ပြင်အတွင်း   လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များသည်  သြဂုတ် ၃ ရက် ည ၈ နာရီခန့်တွင် ကျွန်းစုမြို့၏   အရှေ့တောင်ဘက်  ရေမိုင် ၄၀ ခန့်အကွာ၌ ဦးနောင်ခဲ (ဘ) ဦးသန်းရွှေ အပါအဝင် အမျိုးသား လေးဦးနှင့်အတူ  တရားမဝင် တောသစ်လုံးပိုင်းဆိုဒ်စုံ ၉ တန်ခန့် တင်ဆောင်ထားသည့်  သစ်ခိုးလှေတစ်စင်းကို လည်းကောင်း၊ ၎င်းနေရာအနီးတစ်ဝိုက်မှ တရားမဝင် တောသစ်လုံးပိုင်းဆိုဒ်စုံ ၇ တန်ခန့် တင်ဆောင်ထားသည့် လှေတစ်စင်းကိုလည်းကောင်း  အသီးသီး ဖမ်းဆီးရမိခဲ့သည်။

မူဆယ်မြို့နယ်၊ နမ့်ပေါ်စစ်ဆေးရေးဂိတ်၌ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသားကိုးဦး ဖမ်းဆီးရမိ

နေပြည်တော်  သြဂုတ်  ၄

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပိုလိုထကျေးရွာ၌ အမျိုးသမီးတစ်ဦးအား ပစ္စည်းလုယက် ပြီး သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် စစ်သည်နှစ်ဦးအား စစ်တရားရုံးဖြင့် စစ်ဆေးစီရင်၍ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်

နေပြည်တော်၊ ဇူလိုင် - ၃၁

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပိုလိုထကျေးရွာ၌ အမျိုးသမီးတစ်ဦးအား တပ်မတော်သားနှစ်ဦးက ပစ္စည်းလုယက်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း၊ ဖြစ်စဉ်ကျူးလွန်ခဲ့သည့် တပ်သား  သန်းစိုးလွင်နှင့် ဟိန်းမင်းထက်တို့သည် ဇူလိုင် ၁၇ ရက်တွင် ပြန်လည်အဖမ်းခံခဲ့ကြောင်းနှင့် စစ်စည်းကမ်းအရ ဥပဒေနှင့်အညီ ထိရောက်စွာ စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း သတင်းများထုတ်ပြန်ပြီးဖြစ်သည်။

မောင်တောမြို့နယ်၊ ပန်းတောပြင်(အနောက်ရွာ)၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၊ ဇူလိုင် - ၂၇ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပန်းတောပြင်(အနောက်ရွာ)နေ ရှော်မာန်ဟာ (ဘ) ခေါ်လီရာမာန်၏ နေအိမ်အား ဇူလိုင် ၂၆ ရက် နေ့လယ် ၂ နာရီခွဲခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက သတင်းအရ ဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းရှိ ဗီရိုအံဆွဲအတွင်း ထည့်ထားသည့် WY/R စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၀၇၅ ပြား(ခန့်မှန်းတန်ဖိုး ငွေကျပ် သိန်း ၂၂၀ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား ပြင်ဖြူနယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

တာချီလိတ်မြို့နယ်၊ အဒီးကျေးရွာ၌ ငွေကျပ်သိန်းပေါင်း ၁၄၀၀ ကျော်တန်ဖိုးရှိ မူးယစ် ဆေးဝါးများနှင့် လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိ

တာချီလိတ်မြို့နယ်၊ အဒီးကျေးရွာ၌ ငွေကျပ်သိန်းပေါင်း ၁၄၀၀ ကျော်တန်ဖိုးရှိ မူးယစ် ဆေးဝါးများနှင့် လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိ နေပြည်တော် ၊  ဇူလိုင် - ၂၃ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းအုပ်စု၊ အဒီးကျေးရွာရှိ ဦးလော်မာ(ဘ) ဦးအားထူ၏ နေအိမ်အား ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင် လုံခြုံရေး တပ်ဖွဲ့ ဝင်များက သတင်းအရ ဝင်ရောက်ရှာဖွေရာ ၎င်းအား နေအိမ်အိပ်ခန်းနှင့် မြေအောက်ခန်း အတွင်းမှ WY  စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၉၆၆၀၀ ပြား၊ ဘိန်းဖြူ ၁၀ ဂရမ်ခန့်၊ အိုက်စ် ၉ ဂရမ်ခန့်၊ ဘိန်းစိမ်း ၄၀ ဂရမ်ခန့်၊ ပွိုင့် ၃၈၀ ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ၎င်းကျည် ၇ တောင့်၊ ခြောက်လုံးပြူး ၁ လက်၊ လ

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပိုလိုထကျေးရွာ၌ အမျိုးသမီးတစ်ဦးအား ပစ္စည်းလုယက်၊ သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် စစ်သည်နှစ်ဦးအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင် - ၂၀

အခြားသတင်းများအရ ကရင်ပြည်နယ်၊    ဖာပွန်မြို့နယ်၊ ပိုလိုထကျေးရွာ၌ အမျိုးသမီး ၁ ဦးအား တပ်မတော် သားနှစ်ဦးက ပစ္စည်းလုယက်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားကြောင်း၊ဇူလိုင်လ ၁၉ ရက်တွင် သတင်းရရှိခဲ့သည်။

ဘုတ်ပြင်းမြို့နယ်၊ မြန်မာ့ပင်လယ်ပြင်အတွင်း၌ ငါးခိုးဖမ်းလှေ တစ်စီး ဖမ်းဆီးရမိ

ဘုတ်ပြင်းမြို့နယ်၊ မြန်မာ့ပင်လယ်ပြင်အတွင်း၌ ငါးခိုးဖမ်းလှေ တစ်စီး ဖမ်းဆီးရမိ

နေပြည်တော် ၊ ဇူလိုင် - ၁၇