နည်းပညာ

အိန္ဒိယက နာကျင်မှု လုံးဝကင်းမဲ့စေမည့် ဆေးထိုးကိရိယာကို တီထွင်

အိန္ဒိယနိုင်ငံရှိ   ခါရက်ပူရနည်းပညာ တက္ကသိုလ်က နာကျင်မှု လုံးဝကင်းမဲ့စေမည့် ဆေးထိုးကိရိယာကို  တီထွင်လိုက်ကြောင်း သိရသည်။

ထိုကိရိယာတွင် အလွန်သေးငယ်သော ဆေးထိုးအပ်များနှင့် အလွန်သေးငယ်သော ဆေးထိုးပိုက်များ ပါဝင်ကြောင်းနှင့် ဆေးထိုးအပ်များသည်အလွန်သေးငယ်သောကြောင့် လူနာအနေဖြင့် နာကျင်မှုကို ခံစားရစေမည် မဟုတ်ကြောင်း နည်းပညာ တက္ကသိုလ်ကပြောသည်။

COVID-19 အထောက်အကူပြု အပူချိန်တိုင်း ကင်မရာ တီထွင်မှု စမ်းသပ်အောင်မြင်

ကချင်ပြည်နယ် ဗန်းမော်မြို့ ကွန်ပျူတာ တက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်း တီထွင်လိုက်သည့် COVID-19 ရောဂါကာကွယ်ရေး အတွက် အထောက်အကူပြု အပူချိန်တိုင်း ကင်မရာမှာအောင်မြင်မှု ရရှိခဲ့ပြီဖြစ်ကြောင်း ကွန်ပျူတာ တက္ကသိုလ်ကျောင်းအုပ်ကြီး    ဒုတိယပါမောက္ခချုပ် ဒေါက်တာမေဖြိုးဦးထံမှ သိရသည်။

'' COVID-19 အထောက်အကူပြု အပူချိန်တိုင်း ကင်မရာကို  ကျောင်းသား၊ ကျောင်းသူတွေနဲ့ စုပေါင်း တီထွင်ခဲ့တာပါ။

မြန်မာ့ရော်ဘာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုရန် ပံ့ပိုး ကူညီမည်

မြန်မာ့ရော်ဘာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုရန် ပံ့ပိုးကူညီမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

သမိုင်းဝင် အမွေအနှစ် အဆောက်အအုံ ထိန်းသိမ်းခြင်းများအတွက် နည်းပညာ အကူအညီများ လိုအပ်ပါက တောင်းခံနိုင်

ရန်ကုန်မြို့၏  သမိုင်းဝင် အဆောက်အအုံများ ပြင်ဆင်မွမ်းမံရာတွင် နည်းပညာ အကူအညီများ လိုအပ်မှုရှိပါက အကူအညီ တောင်းခံနိုင်ကြောင်း  ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့မှ Digital  Communications Assistant     ဒေါ်ငြိမ်းဇာသွယ်၏ ပြောပြချက်အရ သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း GAP နည်းစနစ်ဖြင့် မိုးနှမ်းစိုက်ဧက တစ်သိန်းကျော် စိုက်ပျိုး

မကွေးတိုင်းဒေသကြီးအတွင်း ယခုနှစ် မိုးရာသီကာလတွင် မိုးနှမ်းသီးနှံကို GAP နည်းစနစ်ဖြင့် စိုက်ဧက တစ်သိန်းကျော် စိုက်ပျိုးနေကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်ရန်   သီးနှံစိုက်ပျိုးရ လွယ်ကူခြင်း၊  ဒေသနှင့်ကိုက်ညီခြင်း၊ မျိုးပွားရလွယ်ကူခြင်း၊ ပြည်ပနိုင်ငံများမှ ကြိုက်နှစ်သက်သည့် Organic သီးနှံများကို သိပ္ပံနည်းကျ အောင်မြင်အောင် စိုက်ပျိုးထုတ်လုပ်နိုင်ပြီး ဈေးကွက်တင်ပို့ ရောင်းချနိုင်ရန်အတွက် GAP  နည်းစနစ်ဖြင့် စိုက်ပျိုး ထုတ်လုပ်မည်ဖြစ်သည်။

တပ်မတော် နည်းပညာတက္ကသိုလ် ဗိုလ်လောင်း အလိုရှိသည်

၁။      လျှောက်ထားသူသည်-

          (က)   ၂ဝ၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် အသက်(၁၆)နှစ်အောက် မငယ်ရ၊ (၁၈)နှစ်ထက် မကြီးရ။

          (ခ)     ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ (လူပျို)ဖြစ်ရမည်။

          (ဂ)    အနည်းဆုံးအရပ် (၅)ပေ၊ (၃)လက်မနှင့် ကိုယ်အလေးချိန် ပေါင်(၁ဝဝ)ထက်မနည်းရ၊ ပေါင်(၁၄ဝ) ထက် မကျော်ရ။

          (ဃ)   မျက်မှန်တပ်ဆင်ထားသူများ မဖြစ်စေရ။

          (င)     ၂ဝ၂ဝ ပြည့်နှစ်တွင်ကျင်းပပြုလုပ်ခဲ့သော  တက္ကသိုလ်ဝင် စာမေးပွဲတွင်  သိပ္ပံဘာသာတွဲ(သို့မဟုတ်) ဝိပ္ပံ ဘာသာတွဲဖြင့် ဖြေဆိုအောင်မြင်သူဖြစ်ရမည်။

အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ကောင်စီ၏ (၁/၂ဝ၂ဝ) အစည်းအဝေး ကျင်းပ

နေပြည်တော်    သြဂုတ်   ၅

အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ကောင်စီ၏ (၁/၂ဝ၂ဝ)အစည်း အဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ကောင်စီဥက္ကဋ္ဌဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။

ဘယ်သူမှ မမျှော်မှန်းထားတဲ့ အနာဂတ်လူနေမှုဘဝကိုဖန်တီးပေးမယ့်  Smart E-Home

ဘယ်သူမှ မမျှော်မှန်းထားတဲ့ အနာဂတ်လူနေမှုဘဝကိုဖန်တီးပေးမယ့်  Smart E-Home