စီးပွားရေး

ယခုဘဏ္ဍာနှစ် ၁၁ လတာကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၄ သန်းကျော်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၂၅၆ သန်းကျော်ရရှိခဲ့

ယခုဘဏ္ဍာနှစ် ၁၁ လတာကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၄ သန်းကျော်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၂၅၆ သန်းကျော်ရရှိခဲ့

ရန်ကုန်၊ စီးပွားရေး

ယခုဘဏ္ဍာနှစ် ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၄ ခုနှစ် မတ်လ ၁ ရက်အထိ ၁၁ လတာကာလအတွင်း  ပြည်ပသို့ ပင်လယ်ရေကြောင်းနှင့်  နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတို့မှ  ပဲမျိုးစုံတန်ချိန်  ၁ ဒသမ ၄၈ သန်းကျော်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၂၅၆ သန်းကျော်ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မအူပင်မြို့နယ်၌ ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာသည့် အာလူးများ အရောင်းအဝယ် ကောင်းမွန်နေ

 

မအူပင်မြို့နယ်၌ ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာသည့် အာလူးများ အရောင်းအဝယ် ကောင်းမွန်နေ

 

ဧရာဝတီတိုင်းဒေသကြီး  မအူပင်မြို့နယ်၌  ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာသည့်    အာလူးများ အရောင်းအဝယ် ကောင်းမွန်နေကြောင်း မအူပင်မြို့နယ်မှ      လယ်ယာထွက်ကုန် ရောင်းဝယ်ရေးပွဲရုံ လုပ်ငန်းရှင် ဒေါ်နီနီဝင်း၏ ပြောပြချက်အရ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်သို့ ရှမ်းပြည်နယ်ဘက်မှ ထွက်ရှိသည့်    အာလူးများပုံမှန်ဝင် ရောက်လျက်ရှိပြီး လက်ရှိတွင် အာလူးပိဿာချိန် ၁၀၀ လျှင် ငွေကျပ် ၄၅၀၀၀၀ အထိဈေးရှိကြောင်း သိရသည်။

မန္တလေးဈေးကွက်အတွင်းသို့ အတာအိုးများ စတင်ဝင်ရောက်လာပြီး မန္တလေးမြို့နှင့် အနီးဝန်းကျင်ဒေသများသို့ လက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိ

 

မန္တလေးဈေးကွက်အတွင်းသို့ အတာအိုးများ စတင်ဝင်ရောက်လာပြီး မန္တလေးမြို့နှင့် အနီးဝန်းကျင်ဒေသများသို့ လက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိ

 

     မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော် ကာလတွင် အသုံးပြုရန် မန္တလေးဈေးကွက်သို့ အတာအိုးများ စတင်ဝင်ရောက်လာပြီး မန္တလေးမြို့နှင့် အနီးဝန်းကျင် ဒေသများသို့ လက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း မန္တလေးမြို့ရှိ  မြေအိုးအမျိုးမျိုး ရောင်းဝယ်သူများ၏ ပြောဆိုချက်အရ သိရ သည်။

မွန်ပြည်နယ် ဆားဈေးကွက်အတွင်း ဆားဈေးနှုန်း ကျဆင်းနေသော်လည်း အရောင်းအဝယ် ပုံမှန်ရှိနေ

 

မွန်ပြည်နယ် ဆားဈေးကွက်အတွင်း ဆားဈေးနှုန်း ကျဆင်းနေသော်လည်း အရောင်းအဝယ် ပုံမှန်ရှိနေ

 

    မွန်ပြည်နယ် ဆားဈေးကွက်အတွင်း ဆားဈေးနှုန်း  ကျဆင်းနေသော်လည်း အရောင်းအဝယ် ပုံမှန်ရှိနေသည့်အတွက်   ဆားတောင်သူများ အဆင်ပြေလျက်ရှိကြောင်း မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် မှ ဆားလုပ်ငန်းလုပ်ကိုင်သူများ၏ ပြောဆိုချက်အရ သိရသည်။

၂၁-၃-၂၀၂၄ ရက်နေ့တွင် ဖြစ်ပေါ်သော အာဆီယံနိုင်ငံများ၏ စက်သုံးဆီဈေးနှုန်းများ

 

၂၁-၃-၂၀၂၄ ရက်နေ့တွင် ဖြစ်ပေါ်သော အာဆီယံနိုင်ငံများ၏ စက်သုံးဆီဈေးနှုန်းများ

 

မြန်မာနိုင်ငံတွင် လက်ရှိရောင်းချနေသည့် တစ်ပတ်အတွင်း စက်သုံးဆီဈေးနှုန်းများနှင့် အာဆီယံနိုင်ငံများတွင် ရောင်းချနေသည့် စက်သုံးဆီဈေးနှုန်းများကို  လေ့လာကြည့်သည့်အခါ မြန်မာနိုင်ငံ၏ ဓာတ်ဆီဈေးမှာ အဆင့်(၈)နှင့် ဒီဇယ်ဈေးမှာ  အဆင့်(၈)နေရာတွင်ရှိ ကြောင်း အောက်ပါအတိုင်း တွေ့ရှိရသည့်အတွက် သင့်တင့်သော ဈေးနှုန်းဖြစ်သည်ဟု ယူဆရပါကြောင်း။

ကျွန်းလှမြို့နယ်၌ ဆောင်းမြေပဲဧက ၁၄၀၀၀ ကျော် ရိတ်သိမ်း

 

ကျွန်းလှမြို့နယ်၌ ဆောင်းမြေပဲဧက ၁၄၀၀၀ ကျော် ရိတ်သိမ်း

 

    စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုး ရာသီတွင် စိုက်ပျိုးသော မြေပဲဧက ၁၄၀၀၀ ကျော် ရိတ်သိမ်းပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။         

ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေး၌ ရာသီပေါ်သီးနှံများ လှိုင်လှိုင်ဝင်ရောက်ကာ အရောင်းအဝယ် ကောင်းမွန်နေ

 

ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေး၌ ရာသီပေါ်သီးနှံများ လှိုင်လှိုင်ဝင်ရောက်ကာ အရောင်းအဝယ် ကောင်းမွန်နေ

 

    ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေး၌  အနယ်နယ်အရပ်ရပ်မှ   စိုက်ပျိုးထွက်ရှိသော ဖရဲ၊ သခွားမွှေး၊ သင်္ဘောသီးနှင့် နာနတ်သီး   စသည့်ရာသီပေါ်သီးနှံများ လှိုင်လှိုင် ဝင်ရောက်ကာ အရောင်းအဝယ် ကောင်းမွန်နေကြောင်း သီရိမင်္ဂလာဈေးမှ ဈေးတာဝန်ခံ ဦးအောင်လင်းဦး၏ ပြောကြားချက်အရ သိရသည်။

ပွင့်လင်းရာသီဖြစ်သည့်အတွက် ငါးခြောက် အရောင်းအဝယ် ပိုမိုကောင်းမွန်လာ

 

ပွင့်လင်းရာသီဖြစ်သည့်အတွက် ငါးခြောက် အရောင်းအဝယ် ပိုမိုကောင်းမွန်လာ

 

    ယခုအချိန်အခါသည်   ပွင့်လင်းရာသီဖြစ်သည့်အတွက်  အခြေခံစားသောက်ကုန် ဈေးကွက်အတွင်း ငါးခြောက်အရောင်းအဝယ် ပိုမိုကောင်းမွန်လာကြောင်း  ဘုရင့်နောင်ကုန်စည်ဒိုင်မှ ငါးပိ၊ ငါးခြောက် ရောင်းချသူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

“အခုက   ပွင့်လင်းရာသီ ရောက်လာပြီဆိုတော့    အလှူတွေလည်း   လုပ်လာကြတယ်။    ဒါကြောင့်  ငါးခြောက်ဈေးကောင်း ရပါတယ်။ ကုန်ကြမ်းရရှိတာလည်း အဆင်ပြေပါတယ်”ဟု ၎င်းကပြောသည်။

မြန်မာ့ရိုးရာပုသိမ်ထီးများ ယခုလအတွင်း ရောင်းအားပိုမိုကောင်းမွန်လာ

 

မြန်မာ့ရိုးရာပုသိမ်ထီးများ ယခုလအတွင်း ရောင်းအားပိုမိုကောင်းမွန်လာ

 

ပုသိမ်  မတ်  ၁၇

    ခရီးသွားများ လက်ဆောင်ပစ္စည်းအဖြစ် အဝယ်များသည့် မြန်မာ့ရိုးရာပုသိမ်ထီးများ ယခုလအတွင်း ရောင်းအားပိုမိုကောင်းမွန်လာကြောင်း ဧရာဝတီတိုင်းဒေသကြီး    ပုသိမ်မြို့နယ်ရှိ ပုသိမ်ထီးလုပ်ငန်း လုပ်ကိုင်သူများ၏ ပြောပြချက်အရ သိရသည်။

တောင်တွင်းကြီးမြို့နယ် သဖန်းကုန်းကျေးရွာ၌ ဆောင်းနေကြာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

 

တောင်တွင်းကြီးမြို့နယ် သဖန်းကုန်းကျေးရွာ၌ ဆောင်းနေကြာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

 

    မကွေးတိုင်းဒေသကြီး တောင်တွင်းကြီး မြို့နယ် သဖန်းကုန်းကျေးရွာ၌ ဆီထွက် သီးနှံ ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း   မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။