ရေစကြိုမြို့ရှိ ကျွန်းတိုင်ကြီးများဖြင့် တည်ဆောက်ထားသော မအူအင်းတံတား
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့ မအူအောက်ဆိပ်ရွာ၌ ကျွန်းတိုင်ကြီးများဖြင့် တည်ဆောက်ထားသော တံတားကြီးရှိကြောင်းသိရပြီး တံတားကြီး အကြောင်း သိလိုသဖြင့် ခရီးသွားစာပေများတွင် ရှာဖွေလေ့လာခဲ့ရသည်။
အဆိုပါတံတားအကြောင်း လေ့လာရန် တိုက်ဆိုင်လာသည်က ရေစကြိုမြို့မှ ဦးပဉ္စင်း တစ်ပါးနှင့် စကားစပ်မိရာမှ တံတားကြီးအကြောင်း အစပေါ်လာခဲ့ခြင်းဖြစ်သည်။ တံတား ကြီးကိုဒေသခံများက မအူအင်းတံတားဟုခေါ်ပြီး ဦးပိန်တံတားကြီးကဲ့သို့ မြန်မာနိုင်ငံ အတွက် ဂုဏ်ဆောင်နိုင်သော်လည်း ခရီးသွားဧည့်သည်များ လာရောက်လေ့လာမှုနည်း ပါးသည်။