ခါးနာခြင်းသည် အသက် ၆၀ ကျော်တွင် အဖြစ်များပြီး အသက်အရွယ်မရွေးလည်း ဖြစ်တတ်သည်။
ခါးနာခြင်းကြောင့် အထိုင်အထ အသွားအလာ ခက်ခဲပြီး ဘေးကမြင်ရသူအဖို့လည်း စိတ်မသက်သာ၊ ကာယကံရှင် ခံစားရသူအတွက် အလုပ်အကိုင်ပျက်ရသည်အထိ ဒုက္ခကြီးသည်။ ထို့ကြောင့် နိုင်ငံအရပ်ရပ်ရှိ ကျန်းမာရေးအသင်း အဖွဲ့များက လူအများတွင် ဖြစ်တတ်သော ခါးနာရောဂါဝေဒနာ အကြောင်းနှင့် ခါးနာခြင်းမဖြစ်အောင် ကြိုတင်ကာကွယ်နေထိုင် ပြုမူတတ်ကြစေရန် ရည်ရွယ်၍ အောက်တိုဘာ ၅ ရက်မှ ၉ ရက်ကို "Back Care Awareness Week" ခါးနာရောဂါ သတိပြုရမယ့် ရက်သတ္တပတ်အဖြစ် အထူးတလည် သတ်မှတ်ပေးထားခြင်းဖြစ်သည်။
ခါးနာခြင်းအကြောင်း