နိုင်ငံတကာသတင်း

ကနေဒါက အိန္ဒိယကျောင်းသား ခေါ်ယူမှု အရေအတွက်ကို သိသိသာသာ လျှော့ချ

 

ကနေဒါက အိန္ဒိယကျောင်းသား ခေါ်ယူမှု အရေအတွက်ကို သိသိသာသာ လျှော့ချ

 

    ကနေဒါနိုင်ငံက ၎င်းတို့နိုင်ငံရှိ ကျောင်းများတွင် ပညာသင်ယူနိုင်မည့် အိန္ဒိယကျောင်းသား အရေအတွက်ကို စက်တင်ဘာလမှစ၍  သိသိသာသာ လျှော့ချခေါ်ယူခဲ့ကြောင်း သိရသည်။

စတုတ္ထသုံးလပတ်အတွင်း  ကနေဒါနိုင်ငံက ခေါ်ယူသည့် အိန္ဒိယကျောင်းသား အရေအတွက်မှာ တတိယသုံးလပတ်နှင့် နှိုင်းယှဉ်ပါက ၈၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်။

တရုတ်(တိုင်ပေ)အရေးတွင် ဖိလစ်ပိုင်အနေဖြင့် မီးနှင့်မကစားရန် တရုတ်သတိပေး

 

တရုတ်(တိုင်ပေ)အရေးတွင် ဖိလစ်ပိုင်အနေဖြင့် မီးနှင့်မကစားရန် တရုတ်သတိပေး

 

    ဖိလစ်ပိုင်နိုင်ငံအနေဖြင့် တရုတ်(တိုင်ပေ)အရေးတွင် မီးနှင့်မကစားရန် တရုတ်နိုင်ငံက သတိပေးလိုက်ကြောင်း သိရသည်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့ဂျူနီယာသည် တရုတ်(တိုင်ပေ)သမ္မတ ရွေးကောက်ပွဲ၌ အနိုင်ရရှိသွားသော လိုင်ချင်းထေကို ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောပြီးနောက် တရုတ်နိုင်ငံက ယခုကဲ့သို့ သတိပေးလိုက်ခြင်း ဖြစ်သည်။

ပင်လယ်နီအတွင်း တင်းမာမှုက ထိန်းချုပ်ရန် မဖြစ်နိုင်သည့် အခြေအနေဖြစ်လာနိုင်ဟု ကုလသမဂ္ဂပြော

 

ပင်လယ်နီအတွင်း တင်းမာမှုက ထိန်းချုပ်ရန် မဖြစ်နိုင်သည့် အခြေအနေဖြစ်လာနိုင်ဟု ကုလသမဂ္ဂပြော

 

    ပင်လယ်နီအတွင်း  ဖြစ်ပွားနေသော တင်းမာမှုများက ထိန်းချုပ်ရန် မဖြစ်နိုင်သည့် အခြေအနေအထိဖြစ်လာနိုင်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်က ဇန်နဝါရီလ ၁၅ ရက် သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။

အီရန်က အမေရိကန်ကောင်စစ်ဝန်ရုံး အနီးရှိ အစ္စရေး ထောက်လှမ်းရေး အဖွဲ့ရုံးကို ဒုံးကျည်များဖြင့် ပစ်ခတ်

 

အီရန်က အမေရိကန်ကောင်စစ်ဝန်ရုံး အနီးရှိ အစ္စရေး ထောက်လှမ်းရေး အဖွဲ့ရုံးကို ဒုံးကျည်များဖြင့် ပစ်ခတ်

 

    အီရန်က ဆီးရီးယားရှိ IS  စစ်သွေးကြွတို့၏ အခြေစိုက်စခန်းတစ်ခုနှင့်  အီရတ်ရှိ အစ္စရေးထောက်လှမ်းရေး အဖွဲ့ရုံးတို့ကို ဒုံးကျည်များဖြင့်  ပစ်ခတ် တိုက်ခိုက်လိုက်ကြောင်း သိရသည်။

ပြည်နယ်ပါတီ ကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲ၌ ဒေါ်နယ်ထရမ့်က မဲအပြတ်အသတ်ဖြင့် အနိုင်ရ

 

ပြည်နယ်ပါတီ ကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲ၌ ဒေါ်နယ်ထရမ့်က မဲအပြတ်အသတ်ဖြင့် အနိုင်ရ

 

    ၂၀၂၄  ခုနှစ်  အမေရိကန် သမ္မတ ရွေးကောက်ပွဲအတွက် ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့်  ပြည်နယ်အဆင့် ပါတီ ကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲ၌ ရီပတ်ဘလစ်ကန် ပါတီမှ သမ္မတဟောင်း ဒေါ်နယ်ထရမ့်က မဲအပြတ်အသတ်ဖြင့် အနိုင်ရကြောင်း သိရသည်။

မြောက်ကိုရီးယားက တောင်ကိုရီးယားနှင့် ဆက်ဆံရေးအဖွဲ့များ အားလုံးကို ဖျက်သိမ်း

 

မြောက်ကိုရီးယားက တောင်ကိုရီးယားနှင့် ဆက်ဆံရေးအဖွဲ့များ အားလုံးကို ဖျက်သိမ်း

 

    မြောက်ကိုရီးယားက တောင်ကိုရီးယား နိုင်ငံနှင့် နှစ်နိုင်ငံကြား ဆက်ဆံရေးကိစ္စရပ်များ ဆောင်ရွက်နေသည့် အဖွဲ့များ အားလုံးကို ဖျက်သိမ်းလိုက်ကြောင်း သိရသည်။

မြောက်ကိုရီးယား ပြည်သူ့လွှတ်တော်က အဆိုပါအဖွဲ့များကို ဖျက်သိမ်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း KCNA သတင်းဌာနက ဖော်ပြထားသည်။

ဖြစ်လာနိုင်သော ရုရှား- NATOစစ်ပွဲအတွက် ဂျာမနီပြင်ဆင်နေဟုဆို

 

ဖြစ်လာနိုင်သော ရုရှား- NATOစစ်ပွဲအတွက် ဂျာမနီပြင်ဆင်နေဟုဆို

 

    ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းကို အောင်နိုင်ပြီးနောက် ၂၀၂၅ ခုနှစ်တွင် NATO တပ်ဖွဲ့အပေါ် စစ်ဆင်နွှဲလာနိုင်ကြောင်းနှင့် အဆိုပါဖြစ်လာနိုင်သော ရုရှား- NATO  စစ်ပွဲအတွက် ဂျာမနီနိုင်ငံက ကြိုတင်ပြင်ဆင်နေကြောင်း Bild  သတင်းစာက ဖော်ပြထားသည်။

ရုရှားနိုင်ငံကမူ အမေရိကန်ဦးဆောင်သော စစ်ရေးအုပ်စုကို တိုက်ခိုက်မှုများ ပြုလုပ်ရန်   မည်သည့်အစီအစဉ်မျှ မရှိကြောင်း အကြိမ်ကြိမ်ပြောထားသည်။

မြောက်ကိုရီးယားနှင့် နယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရန် ရုရှားရည်မှန်း

 

မြောက်ကိုရီးယားနှင့် နယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရန် ရုရှားရည်မှန်း

 

    ရုရှားနိုင်ငံအနေဖြင့် မြောက်ကိုရီးယား နိုင်ငံနှင့်   နယ်ပယ်ပေါင်းစုံတွင် ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ရန် ရည်မှန်းထားကြောင်း   ရုရှားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ဇန်နဝါရီ လ ၁၅ ရက်တွင် ပြောသည်။

လာမည့်ခြောက်နှစ်အတွင်း ပြည်တွင်းဖြစ် လေယာဉ်အစင်း ၆၀၀ ထုတ်လုပ်ရန် ရုရှားစီစဉ်

 

လာမည့်ခြောက်နှစ်အတွင်း ပြည်တွင်းဖြစ် လေယာဉ်အစင်း ၆၀၀ ထုတ်လုပ်ရန် ရုရှားစီစဉ်

 

    ရုရှားနိုင်ငံသည်   လာမည့်ခြောက်နှစ်အတွင်း  ပြည်တွင်းဖြစ် လေယာဉ်အစင်း ၆၀၀ ကိုထုတ်လုပ်နိုင်ရန်   စီစဉ်လျက်ရှိကြောင်း ရုရှားဝန်ကြီးချုပ်က ဇန်နဝါရီလ ၁၅ ရက်တွင်ပြောသည်။

ထို့ပြင် လေယာဉ်ထုတ်လုပ်သူများ အနေဖြင့် ၎င်းတို့၏ ထုတ်လုပ်မှုနှုန်းထားကို မြှင့်တင်နိုင်ရေးအတွက်  အစိုးရကငွေကြေး ထောက်ပံ့မှုများ ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ဟူသီသူပုန်တို့က အမေရိကန်ဖျက်သင်္ဘော တစ်စင်းကို သင်္ဘောဖျက်ဒုံးကျည်ဖြင့် ပစ်ခတ်

 

ဟူသီသူပုန်တို့က အမေရိကန်ဖျက်သင်္ဘော တစ်စင်းကို သင်္ဘောဖျက်ဒုံးကျည်ဖြင့် ပစ်ခတ်

 

    ဟူသီသူပုန်တို့က ပင်လယ်နီအတွင်း စစ်ဆင်ရေး ဆောင်ရွက်နေသည့် အမေရိကန် ရေတပ်မှ ဖျက်သင်္ဘောတစ်စင်းကို သင်္ဘောဖျက် ဒုံးကျည်ဖြင့် ပစ်ခတ်လိုက်ကြောင်း သိရသည်။

ဖျက်သင်္ဘောဖြစ်သည့် USS Laboon ကို ယီမင်နိုင်ငံအတွင်းရှိ ဟူသီသူပုန်တို့၏ နေရာမှနေ၍ ဒုံးကျည်ဖြင့်ပစ်ခတ်လာခြင်း ဖြစ်ကြောင်း    အမေရိကန် အလယ်ပိုင်း ကွပ်ကဲမှုဌာနချုပ်က ထုတ်ပြန်ထားသည်။