မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်းဗိသုကာ လက်ရာများဖြင့် တည်ဆောက်ထားသည့် အုတ်ကျောင်းတော်သို့ အလည်တစ်ခေါက်
အုတ်ကျောင်းတော်လို့ ဆိုလိုက်တာနဲ့ လူတိုင်းရဲ့ အတွေးမှာ မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့မြောက်ဘက် နှစ်မိုင်အကွာ အင်းဝမြို့ဟောင်းမှာ တည်ရှိတဲ့ ဘကြီးတော် စစ်ကိုင်းမင်းရဲ့တောင်ညာစံမိဖုရား ခေါင်ကြီး နန်းမတော်မယ်နုကောင်းမှုတော် အုတ်ကျောင်းကြီးကိုပဲ ပြေးမြင်လေ့ ရှိကြပါတယ်။