ဆောင်းပါးများ

ကြိုးစားမှုကိုလက်ကိုင်ပြု၍ COVID-19 ကို တိုက်ထုတ်ကြပါစို့

ယနေ့အချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာ ဘာသာရပ်များမှ ပါမောက္ခများ၊ ဆရာဝန်များနှင့် တပ်မတော်ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် COVID-19 ရောဂါကူးစက်ခံရသော လူနာများအား အသေအပျောက် အနည်းဆုံးဖြစ်စေရန် နေ့မအား ညမအား အစွမ်းကုန် ကုသပေးလျက်ရှိသည်။ COVID-19 ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုအများဆုံးဖြစ်သည့်  ရန်ကုန်တိုင်းဒေသကြီး၌ လက်တွေ့မြေပြင်တွင် အချိန်နှင့်တစ်ပြေးညီ ပေါင်းစပ်ညှိနှိုင်း ကိုင်တွယ် ဆောင်ရွက်လျက်ရှိသည်။

ခါးနာခြင်းအတွက် အိမ်တွင်းကုထုံး

ခါးနာခြင်းသည် အသက် ၆၀ ကျော်တွင် အဖြစ်များပြီး အသက်အရွယ်မရွေးလည်း ဖြစ်တတ်သည်။

ခါးနာခြင်းကြောင့် အထိုင်အထ အသွားအလာ ခက်ခဲပြီး ဘေးကမြင်ရသူအဖို့လည်း စိတ်မသက်သာ၊ ကာယကံရှင် ခံစားရသူအတွက် အလုပ်အကိုင်ပျက်ရသည်အထိ ဒုက္ခကြီးသည်။ ထို့ကြောင့် နိုင်ငံအရပ်ရပ်ရှိ ကျန်းမာရေးအသင်း အဖွဲ့များက လူအများတွင် ဖြစ်တတ်သော ခါးနာရောဂါဝေဒနာ အကြောင်းနှင့် ခါးနာခြင်းမဖြစ်အောင် ကြိုတင်ကာကွယ်နေထိုင် ပြုမူတတ်ကြစေရန် ရည်ရွယ်၍  အောက်တိုဘာ ၅ ရက်မှ ၉ ရက်ကို "Back Care Awareness Week"  ခါးနာရောဂါ သတိပြုရမယ့် ရက်သတ္တပတ်အဖြစ် အထူးတလည် သတ်မှတ်ပေးထားခြင်းဖြစ်သည်။

ခါးနာခြင်းအကြောင်း

မြန်မာ့ယဉ်ကျေးမှု ပန်းချီသုခုမအနုပညာ

ပန်းချီဆိုသည်မှာ မြင်သမျှ၊ တွေ့သမျှ၊ စဉ်းစားတွေးခေါ်ရသမျှကို ဘာမှမရှိသော နံရံပိတ်ကား စက္ကူလွတ်များပေါ်တွင် ပုံပန်းသဏ္ဌာန် သရုပ်ဖော်ရေး ဆွဲဆေးခြယ်ခြင်းကို ပန်းချီဟုခေါ်သည်။ ပန်းချီသည် လူတို့၏ စိတ်အာရုံကို အဆွဲဆောင်နိုင်ဆုံးနှင့် ခံစားမှုရသများစွာ ပေးစွမ်းနိုင်သော ကြောင့် သုခုမပညာရပ်၏ ဘုရင်ဟု တင်စားခေါ်ဝေါ်ကြသည်။

မြေနီ မြေဝါ မြေဖြူများဖြင့် အရုပ်များဆွဲ

COVID-19 ရောဂါကာလအတွင်း ကင်ဆာကုသမှုအခက်အခဲများ

ယနေ့အချိန်ကာလသည် COVID-19 ပြင်းထန်အဆုတ်ရောင်ရောဂါကို    မြန်မာနိုင်ငံသားများ ခံစားနေရသည့် ကာလဖြစ်ပါသည်။  COVID-19 ရောဂါ၏ဖိစီးမှုဒဏ်ကို     ကြံ့ကြံ့ခံနေကြရသလို COVID-19 မဟုတ်သောရောဂါများ၏    ဖိစီးမှုဒဏ်ကလည်းရှိနေသည်သာဖြစ်သည်။  မကူးစက်နိုင်သော ရောဂါကြီးများထဲ ပါဝင်ပြီး   လူသားများကို ဘေးဒုက္ခပြုတတ်သည့် ကင်ဆာရောဂ

ကမ္ဘာ့လူဦးရေ ၁၀ ပုံတစ်ပုံခန့် COVID-19 ရောဂါကူးစက်ခံရနိုင်ကြောင်း သတိပေးလိုက်သည့် WHO

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ၏ ပထမရက်သတ္တပတ်သည် အမေရိကန်နိုင်ငံ၌ ပွက်လောရိုက်ခဲ့သည့် ရက်သတ္တပတ်ဖြစ်သည်။  သမ္မတဒေါ်နယ်ထရမ့်နှင့် ၎င်း၏ဇနီးတို့ COVID-19 ရောဂါကူးစက်ခံရကြောင်း တွစ်တာမှတစ်ဆင့်   ကြေညာပြီးနောက်ပိုင်း  ကမ္ဘာတစ်လွှားမှခေါင်းဆောင်များက   ဆုမွန်ကောင်းများ တောင်းပေး သကဲ့သို့  ရုရှားသမ္မတ ပူတင်၊  တရု

ဗိုင်းရပ်ဒုတိယလှိုင်းကို အောင်နိုင်ခဲ့ပြီဖြစ်သည့် နယူးဇီလန်

ကမ္ဘာပေါ်၌ COVID-19 ဒုတိယလှိုင်း ပြန်လည်ခေါင်းထောင်လာချိန်   နိုင်ငံတော်တော်များများ အလဲလဲအပြိုပြို ဖြစ်ခဲ့ရကာ  ထိုအထဲမှ  ဗိုင်းရပ်ပထမလှိုင်းရော ဒုတိယလှိုင်းကိုပါ အောင်နိုင်ခဲ့သည့် ရှားရှားပါးပါး နိုင်ငံကတော့  လူဦးရေငါးသန်းခန့်သာ ရှိသော  နယူးဇီလန်ဖြစ်သည်။

မကူးစက်တတ်သောရောဂါများနှင့် ကူးစက်နိုင်သောရောဂါများ

တစ်နေ့က ဆေးခန်းကို နာတာရှည်ရင်ကျပ်သမား တစ်ယောက်လာပြပါတယ်။ မိုးတစ်ပေါက်နှစ် ပေါက်မှန်ရုံနဲ့ ရင်ကျပ်လာတယ်လို့ဆိုပါတယ်။ သာမန်လူတစ်ယောက်အတွက်တော့ မိုးတစ်ပေါက် နှစ်ပေါက်ဟာ စာမဖွဲ့လောက်ပါဘူး။ ဒါပေမဲ့ ပန်းနာသည်အတွက်တော့ ပန်းနာထစေတယ်ပေါ့။ တကယ်က ပန်းနာရင်ကျပ်ရောဂါဆိုတာ အတိမ်းအစောင်းမခံတဲ့ အခြေအနေပဲဖြစ်ပါတယ်။ မိုးမှန် လို့မှ မဟုတ်ပါဘူး၊ ဆေးလိပ်ငွေ့ရှူမိရင်လည်း တစ်ရှိုက်တစ်ဖွာနဲ့၊ မတည့်တာစားမိရင်လည်း  တစ်ကိုက်တလေနဲ့ ရောဂါထလာနိုင်ပါတယ်။ ဆေးပညာမှာ ဒီလိုမျိုး မီးထိုးမောင်းတင် အခြေအနေ တွေရှိနေတတ်ပါတယ်။ ဥပမာ ပြောရရင် ရေအပြည့်ထည့်ထားတဲ့ ပူဖောင်းကိဆူးနဲ့ခြစ်လိုက်မိ သလိုပေါ့။

ယနေ့လူငယ်များသိရှိသင့်သော ရသ ဂုဏ်နှင့် အလင်္ကာ

မြန်မာစာပေနယ်ပယ်မှာ ဘယ်လိုစာပေ မျိုးကိုပဲရေးရေး ရသ၊ ဂုဏ်နဲ့အလင်္ကာဆိုတာ အနည်းနဲ့အများ ပါရှိနေတယ်ဆိုတာကိုတော့   လူငယ်တွေအနေနဲ့ သိထားဖို့လိုပါတယ်။   ယနေ့ခေတ်လူငယ်တွေ အတွက်  မြန်မာစာပေနဲ့ပတ်သက်တဲ့  ရသ၊  ဂုဏ်နဲ့အလင်္ကာအကြောင်းကို  ဆွေးနွေး ပေးမှာပါ။  

ကြီးမြတ်ဂုဏ်အင် အနာဂတ်ပိုင်ရှင် ဆရာသခင်

ဤ ၂၁ ရာစုသည် ထူးခြားထက်မြက်သည့်ရာစု ဖြစ်သည်။ ကမ္ဘာ့ရွာတွင် ပညာသည်သာရတနာဖြစ်၍ ဆရာကလည်း အခရာဖြစ်ပါသည်။ ပညာကို မှန်ကန်စွာပေးနိုင်သူ၊ ပညာကိုမှန်ကန်စွာ ပေးရမည့် သူသည် ဆရာဖြစ်သည်။ ရှေးပညာရှိကြီးများက “ဆရာကောင်းကို မှီဝဲဆည်းကပ်ပါလေ၊  ဆရာကို လက်မလွတ်ပါ စေလင့်၊ ဆရာမပြ နည်းလမ်းမကျ၊ ဆရာလွတ်တော့ ရိ