မဟုတ်မခံတုံ့ပြန်ခဲ့သူ
“ဗမာလူမျိုးတွေက ကိုယ့်ထက်အသက်ကြီးတဲ့သူတွေကို ရှိခိုးပြီးတော့ နှုတ်ဆက်လေ့ရှိတယ်။ မင်းတို့လည်းတို့ကိုရှိခိုးပြီး နှုတ်ဆက်ကြရမယ်။ ဒီနေ့ကစပြီး တို့ဆရာတွေကို ရှိခိုးနှုတ်ဆက် ကြ”
၁၉၀၃ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့ကပါ။ ရန်ကုန်ဟိုက်စကူး(Rangoon Hight School) ကျောင်းရဲ့ရှစ်တန်းစာသင်ခန်းထဲမှာ အင်္ဂလိပ်လူမျိုးဆရာတစ်ယောက်က ရှစ်တန်းကျောင်းသား တွေကို ရှိခိုးနှုတ်ဆက်ကြဖို့ပြောနေတာပါ။ ဒါပေမဲ့ ရှစ်တန်းကျောင်းသားတွေက “ရှိခိုးနှုတ် ဆက်ပါမယ်”လို့ မပြောကြပါဘူး။ တစ်တန်းလုံးငြိမ်နေကြတယ်။ အဲဒီတော့ အဲဒီဆရာက ကျောင်းသားတစ်ယောက်ကိုပြောပါလေရော။