နိုင်ငံတကာသတင်း

ဗီယက်နမ်သမ္မတ ဗိုဗန်ထွန် ရာထူးမှ နုတ်ထွက်

 

ဗီယက်နမ်သမ္မတ ဗိုဗန်ထွန် ရာထူးမှ နုတ်ထွက်

 

ဗီယက်နမ်သမ္မတ ဗိုဗန်ထွန်သည် ရာထူး၌ တစ်နှစ်ခန့်သာ တာဝန်ထမ်းဆောင်ပြီး နောက်   နုတ်ထွက်သွားပြီဖြစ်ကြောင်း ကွန်မြူနစ်ပါတီက ထုတ်ပြန်ထားသည်။

ကွန်မြူနစ်ပါတီက အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကို တင်းကျပ်စွာ လုပ်ဆောင်လာစဉ် သမ္မတအနေဖြင့် ရာထူးမှ နုတ်ထွက်သွားခြင်းလည်းဖြစ်သည်။

ယူကရိန်းသို့ ပတ်ထရီးယော့ ဒုံးကျည်များရောက်လျှင်  အကျိုးဆက်ကို ခံစားရစေမည်ဟု ရုရှားက ဂျပန်ကို သတိပေး

 

ယူကရိန်းသို့ ပတ်ထရီးယော့ ဒုံးကျည်များရောက်လျှင်  အကျိုးဆက်ကို ခံစားရစေမည်ဟု ရုရှားက ဂျပန်ကို သတိပေး

 

    ယူကရိန်းနိုင်ငံသို့ ပတ်ထရီးယော့ဒုံးကျည်များ ရောက်ရှိသွားပါက အကျိုးဆက်ကို ခံစားရစေမည်ဖြစ်ကြောင်း ရုရှားအစိုးရက ဂျပန်အစိုးရကို သံတမန်လမ်းကြောင်းများမှ တစ်ဆင့် သတိပေးလိုက်သည်။

အစ္စရေးက အစာဖြတ်ခြင်း နည်းဗျူဟာကို အသုံးပြုနေဖွယ်ရှိဟု ကုလသမဂ္ဂပြော

 

အစ္စရေးက အစာဖြတ်ခြင်း နည်းဗျူဟာကို အသုံးပြုနေဖွယ်ရှိဟု ကုလသမဂ္ဂပြော

 

    အစ္စရေးနိုင်ငံသည်  ဂါဇာကမ်းမြောင် ဒေသအတွင်း အစာဖြတ်ခြင်း နည်းဗျူဟာကို စစ်ရေးဗျူဟာ တစ်ရပ်အဖြစ် အသုံးပြုနေဖွယ်ရှိကြောင်း ကုလသမဂ္ဂ၏ မတ်လ ၁၉ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစ္စရေးအစိုးရအနေဖြင့်  ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်း စာနာထောက် ထားမှု အကူအညီများ ဝင်ရောက်မှုကို ဟန့်တားနေကြောင်း ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး ဗော်ကာတာ့ ကပြောသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ရွေးကောက်ပွဲအား မြန်မာနိုင်ငံမှ မီဒီယာအဖွဲ့ သွားရောက်လေ့လာ သတင်းယူ

ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ရွေးကောက်ပွဲအား မြန်မာနိုင်ငံမှ မီဒီယာအဖွဲ့ သွားရောက်လေ့လာ သတင်းယူ

နေပြည်တော်၊ ၂၀၂၄ မတ် - ၁၉

တောင်ကိုရီးယားသို့ ဘလင်ကန် လာရောက်လည်ပတ်စဉ် မြောက်ကိုရီးယားက တာတိုပစ် ဒုံးကျည်များအား စမ်းသပ်ပစ်ခတ်

 

တောင်ကိုရီးယားသို့ ဘလင်ကန် လာရောက်လည်ပတ်စဉ် မြောက်ကိုရီးယားက တာတိုပစ် ဒုံးကျည်များအား စမ်းသပ်ပစ်ခတ်

 

    တောင်ကိုရီးယားနိုင်ငံသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယိုဘလင်ကန် လာရောက် လည်ပတ်စဉ်အတွင်း မြောက်ကိုရီးယားနိုင်ငံက မတ်လ ၁၈ ရက်တွင် ၎င်းတို့၏ တာတိုပစ်ပဲ့ထိန်း ဒုံးကျည်များကို စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက် အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ ယွန်ဟပ်သတင်းအေဂျင်စီက ထုတ်ပြန်သည်။

င်းမြို့တော်တွင် ယခုနှစ်အစပိုင်းမှစ၍ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု သုံးဆမြင့်တက်

 

ဟနွိုင်းမြို့တော်တွင် ယခုနှစ်အစပိုင်းမှစ၍ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု သုံးဆမြင့်တက်

 

    ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းတွင် ယခုနှစ်အစပိုင်းမှစ၍ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူဦးရေမှာ ၅၁၃ ဦးရှိသောကြောင့် ပြီးခဲ့သည့်နှစ်က ဖြစ်ပွားမှုနှုန်းနှင့် နှိုင်းယှဉ် ပါက သုံးဆမြင့်တက်လာကြောင်း ရောဂါ ထိန်းချုပ်ရေး စင်တာ၏ ပြောကြားချက်ကို ကိုးကား၍  ဒေသတွင်း မီဒီယာတစ်ခုက မတ်လ ၁၈ ရက်တွင် ထုတ်ပြန်သည်။

အင်ဒိုနီးရှားတွင် ရေကြီးမှုများကြောင့် ဒေသခံပြည်သူ ထောင်ပေါင်းများစွာက နေအိမ်များကို စွန့်ခွာထွက်ပြေး

 

အင်ဒိုနီးရှားတွင် ရေကြီးမှုများကြောင့် ဒေသခံပြည်သူ ထောင်ပေါင်းများစွာက နေအိမ်များကို စွန့်ခွာထွက်ပြေး

 

    အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ဂျာဗားပြည်နယ်တွင် ရေကြီးမှုများဖြစ်ပွားခြင်းကြောင့် ဒေသခံပြည်သူထောင်ပေါင်း များစွာက နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရကြောင်း သဘာ၀ ဘေးအန္တရာယ်လျှော့ချရေး အေဂျင်စီက မတ် လ ၁၈ ရက်တွင် ထုတ်ပြန်သည်။

ရုရှားသမ္မတရွေးကောက်ပွဲ၌ ဗလာဒီမာပူတင်က ထောက်ခံမဲ အများဆုံးဖြင့် အနိုင်ရရှိ

 

ရုရှားသမ္မတရွေးကောက်ပွဲ၌ ဗလာဒီမာပူတင်က ထောက်ခံမဲ အများဆုံးဖြင့် အနိုင်ရရှိ

 

    ရုရှားနိုင်ငံတွင် ကျင်းပသည့်   သမ္မတ ရွေးကောက်ပွဲ၌ လက်ရှိသမ္မတ ဗလာဒီမာ ပူတင်က လူထုထောက်ခံမဲ အများဆုံးဖြင့် အနိုင်ရရှိသွားကြောင်း  ရွေးကောက်ပွဲ ကော်မရှင်က မတ်လ ၁၈ ရက်တွင် ထုတ်ပြန်သည်။

လက်နက်ကိုင်ပဋိပက္ခကြောင့် ဂါဇာကမ်းမြောင် ဒေသအတွင်း သေဆုံးသူ ဦးရေမှာ ၃၁၆၄၅ ဦးအထိမြင့်တက် 

 

လက်နက်ကိုင်ပဋိပက္ခကြောင့် ဂါဇာကမ်းမြောင် ဒေသအတွင်း သေဆုံးသူ ဦးရေမှာ ၃၁၆၄၅ ဦးအထိမြင့်တက် 

 

    အစ္စရေးနှင့် ပါလက်စတိုင်းတို့ကြား ဆက်လက်ဖြစ်ပွားသည့် လက်နက်ကိုင်ပဋိပက္ခကြောင့် ဂါဇာကမ်းမြောင်ဒေသအတွင်း သေဆုံးသူ အရေအတွက်မှာ ၃၁၆၄၅ ဦး အထိမြင့်တက်လာကြောင်း ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနက မတ်လ ၁၇ ရက်တွင်ထုတ်ပြန်သည်။

နေတိုး တပ်ဖွဲ့ဝင်များအား ယူကရိန်းတွင် ဖြန့်ကြက်ထားခြင်းက တတိယကမ္ဘာစစ်ကို  ဖြစ်ပေါ်စေနိုင်ဟု အီတလီနိုင်ငံခြားရေး ဝန်ကြီးပြော

 

နေတိုး တပ်ဖွဲ့ဝင်များအား ယူကရိန်းတွင် ဖြန့်ကြက်ထားခြင်းက တတိယကမ္ဘာစစ်ကို  ဖြစ်ပေါ်စေနိုင်ဟု အီတလီနိုင်ငံခြားရေး ဝန်ကြီးပြော

 

   နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများမှ လက်နက်ကိုင်တပ်များအား ယူကရိန်းနိုင်ငံ အတွင်းသို့ ဖြန့်ကြက်ထားခြင်းသည် တတိယကမ္ဘာစစ်ကို ဖြစ်ပေါ်စေနိုင်ကြောင်း အီတလီနိုင်ငံ ခြားရေးဝန်ကြီး  အန်တိုနီယိုတာဂျာနီက ပြောသည်။