နိုင်ငံတကာသတင်း

မဲခေါင်မြစ်ကမ်းစပ်မှ ဗုဒ္ဓရုပ်ပွားတော်များစွာ တူးဖော်တွေ့ရှိ

 

မဲခေါင်မြစ်ကမ်းစပ်မှ ဗုဒ္ဓရုပ်ပွားတော်များစွာ တူးဖော်တွေ့ရှိ

 

    လာအိုနိုင်ငံမြောက်ပိုင်း   ဘိုကီယိုပြည်နယ်ရှိ မဲခေါင်မြစ်ကမ်းစပ်မှ အချိန်ကာလအတိအကျ မသိရသေးသော ဗုဒ္ဓရုပ်ပွားတော်များစွာကို  တူးဖော်တွေ့ရှိကြောင်း သိရသည်။

အလုပ်သမားများက အနီးရှိလမ်းကိုပြုပြင်မှုများ လုပ်ဆောင်နေစဉ် ဗုဒ္ဓရုပ်ပွားတော်၏ ဦးခေါင်းတော် တစ်ခုနှင့် ဦးခေါင်းတော်များ မပါရှိသော ရုပ်ပွားတော်များကို မတ်လ ၁၁ ရက်တွင်တွေ့ရှိပြီးနောက် ယခုကဲ့သို့တူးဖော်မှုများကို လုပ်ဆောင်ခြင်းဖြစ်သည်။

မော်စကို ကပွဲခန်းမ အကြမ်းဖက် တိုက်ခိုက်မှုလုပ်သူများက ယူကရိန်းဘက်နှင့် အဆက်အသွယ်ရှိ

 

 

မော်စကို ကပွဲခန်းမ အကြမ်းဖက် တိုက်ခိုက်မှုလုပ်သူများက ယူကရိန်းဘက်နှင့် အဆက်အသွယ်ရှိ

 

    ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကပွဲခန်းမတစ်ခု  အကြမ်းဖက် တိုက်ခိုက်ခံရမှုကို လုပ်ဆောင်သူများသည် ယူကရိန်းနိုင်ငံဘက်နှင့် အဆက်အသွယ်ရှိကြောင်း ရုရှားထောက်လှမ်းရေး အဖွဲ့က  ထုတ်ပြန်ထားသည်။

iPhoneက ဈေးကွက်လက်ဝါးကြီး အုပ်နေသည်ဟုဆိုကာ အမေရိကန်က Apple ကိုတရားစွဲ

 

iPhoneက ဈေးကွက်လက်ဝါးကြီး အုပ်နေသည်ဟုဆိုကာ အမေရိကန်က Apple ကိုတရားစွဲ

 

iPhone သည် စမတ်ဖုန်းဈေးကွက်ကို လက်ဝါးကြီးအုပ်နေသည်ဟု ဆိုကာ အမေရိကန်တရားရေး ဝန်ကြီးဌာနက Apple ကုမ္ပဏီကို  တရားစွဲဆိုလိုက်ကြောင်း  သိရသည်။

Apple   ကုမ္ပဏီသည် ၂၀၂၃ ခုနှစ်အတွင်း iPhone  ရောင်းရငွေ ဒေါ်လာ ဘီလီယံ ၂၀၀ ကျော်၊ Apple Watch  ရောင်းရငွေ ဒေါ်လာဘီလီယံ ၄၀ ကျော်နှင့် အသားတင် အမြတ်ငွေ ဒေါ်လာ ၈၅ ဘီလီယံကျော် ရရှိထားသည့် နည်းပညာ ကုမ္ပဏီကြီးတစ်ခုဖြစ်သည်။

ရုရှားက ၃ တန်ဗုံးများကို အမြောက်အမြား ထုတ်လုပ်မှု စတင်

 

ရုရှားက ၃ တန်ဗုံးများကို အမြောက်အမြား ထုတ်လုပ်မှု စတင်

 

    ရုရှားကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး စက်ရုံတစ်ခုက ၃ တန်အလေးချိန်ရှိ ဗုံးများ ကို အမြောက်အမြား ထုတ်လုပ်မှု စတင် လုပ်ဆောင်ပြီဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂအထွေထွေ ညီလာခံက AI  နှင့် ပတ်သက်၍ ပထမဆုံးသော ဆုံးဖြတ်ချက် တစ်ရပ်ကို ထုတ်ပြန်

 

ကုလသမဂ္ဂအထွေထွေ ညီလာခံက AI  နှင့် ပတ်သက်၍ ပထမဆုံးသော ဆုံးဖြတ်ချက် တစ်ရပ်ကို ထုတ်ပြန်

 

    ကုလသမဂ္ဂအထွေထွေညီလာခံက AI နှင့်ပတ်သက်၍ ပထမဆုံးသော ဆုံးဖြတ်ချက်တစ်ရပ်ကို ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါဆုံးဖြတ်ချက်ကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် AI စနစ်ကို ပိုမိုဘေးကင်းမှု ရှိသော၊ လုံခြုံမှုရှိသော၊ ယုံကြည်စိတ်ချရမှု ရှိသောစနစ်အဖြစ် ဖန်တီးကြရမည်ဖြစ်သည်။

သပိတ်မှောက်မှုတွင် ပါဝင်သည့် အငယ်တန်း ဆရာဝန်များ၏ လိုင်စင်ကို တောင်ကိုရီးယား အစိုးရက ဆိုင်းငံ့မည်

 

သပိတ်မှောက်မှုတွင် ပါဝင်သည့် အငယ်တန်း ဆရာဝန်များ၏ လိုင်စင်ကို တောင်ကိုရီးယား အစိုးရက ဆိုင်းငံ့မည်

 

    တောင်ကိုရီးယားအစိုးရက သပိတ်မှောက်မှုတွင် ပါဝင်သည့် အငယ်တန်းဆရာ ဝန်များ၏ လိုင်စင်ကို လာမည့် သီတင်းပတ်မှစ၍ ဆိုင်းငံ့သွားမည်ဖြစ်ကြောင်း မတ်လ၂၁ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ဒိန်းမတ်က ယူကရိန်းသို့ F-16 တိုက်လေယာဉ်များ ပေးပို့သည့် ပထမဆုံး NATO အဖွဲ့ဝင်နိုင်ငံဖြစ်လာမည်

 

ဒိန်းမတ်က ယူကရိန်းသို့ F-16 တိုက်လေယာဉ်များ ပေးပို့သည့် ပထမဆုံး NATO အဖွဲ့ဝင်နိုင်ငံဖြစ်လာမည်

 

    ဒိန်းမတ်နိုင်ငံက ယူကရိန်းသို့ F-16 တိုက်လေယာဉ်များ ပေးပို့သည့် ပထမဆုံးသော NATO အဖွဲ့ဝင်နိုင်ငံဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှား ရွေးကောက်ပွဲတွင် သမ္မတအဖြစ် ပရာဘိုဝိုဆူဘီယန်တို ရွေးကောက်ခံရ

 

အင်ဒိုနီးရှား ရွေးကောက်ပွဲတွင် သမ္မတအဖြစ် ပရာဘိုဝိုဆူဘီယန်တို ရွေးကောက်ခံရ

 

အင်ဒိုနီးရှားနိုင်ငံ၌ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲတွင် ယခင်ကာကွယ်ရေး ဝန်ကြီးဟောင်း ပရာဘိုဝိုဆူဘီယန်တို က သမ္မတအဖြစ် ရွေးကောက်ခံရကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၄ ရက်တွင် ကျင်းပသော ရွေးကောက်ပွဲ၏ တစ်နိုင်ငံလုံးမှ မဲရလဒ်များကို မတ်လ ၂၀ ရက်တွင် ရေတွက်ပြီးစီးကြောင်း အထွေထွေရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

အစ္စရေးက ဂါဇာရှိအကြီးဆုံး ဆေးရုံကို ဝင်ရောက်စီးနင်း တိုက်ခိုက်

 

အစ္စရေးက ဂါဇာရှိအကြီးဆုံး ဆေးရုံကို ဝင်ရောက်စီးနင်း တိုက်ခိုက်

 

    အစ္စရေးစစ်ဘက်က ဂါဇာရှိ အကြီးဆုံးဆေးရုံကို ဝင်ရောက်စီးနင်း တိုက်ခိုက်လိုက်ကြောင်းနှင့် ဟားမတ်စစ်သွေးကြွ အယောက် ၉၀ ကို ချေမှုန်းလိုက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

အစ္စရေးတို့ တိုက်ခိုက်လိုက်သော ဆေးရုံမှာ အယ်ရှီဖာဆေးရုံဖြစ်ပြီး ယင်းသို့တိုက်ခိုက်စဉ်အတွင်း  ဟားမတ်အဖွဲ့တို့  ပိုင်ဆိုင်သော ငွေကြေးအမြောက်အမြားကိုလည်း သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂျာမန်ကလေးငယ်များ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရမည်ဟု ပညာရေး ဝန်ကြီးပြော

 

ဂျာမန်ကလေးငယ်များ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရမည်ဟု ပညာရေး ဝန်ကြီးပြော

 

    ဂျာမန်ကလေးငယ်များသည်  စစ်ပွဲအတွက်  ကြိုတင်ပြင်ဆင် ထားရမည်ဖြစ်ကြောင်းနှင့် သို့မှသာ စစ်ပွဲဖြစ်ပွားပါက အသက်ရှင်သန်နိုင်စွမ်း ရှိမည်ဖြစ်ကြောင်း  ပညာရေးဝန်ကြီးကပြောသည်။

ပဋိပက္ခဖြစ်ပွားစဉ်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ကလေးငယ်များအား သင်ကြား ပေးထားရမည်ဖြစ်ကြောင်း၊ ကျောင်းများတွင် ပြည်သူ့ကာကွယ်ရေး လေ့ကျင့်မှုများကိုလည်း လုပ်ဆောင်ထားသင့်ကြောင်း ၎င်းက အကြံပြုထားသည်။